Hacker တွေနဲ့ Web Developer တွေနဲ့ လေ့လာရတဲ့ Language တွေ တော်တော်များ တူကြပါတယ်..။

သည်အပိုင်းမှာတော့ နယ်ပယ်အကျယ်ကြီးပြောမနေတော့ပဲ Hacking ပိုင်းလိုက်မယ်ဆုံးဖြတ်ထားသူတိုင်းလေ့လာသင့်တဲ့
Programming Language & Scripting Language တွေအကြောင်း
ကိုယ်သိသလောက်ထဲကပေါ့။ လိုတာလည်းရှိမှာပဲ။
အရေးအကြီးဆုံးမေးခွန်းတစ်ခုရှိတယ်။

Hacking မှာ Language တွေက ဘာလို့အရေးကြီးသလည်း?

ဆိုကြပါစို့ ... ကျနော်တို့ခဗျားတို့သုံး​နေတဲ့ ကွန်ပျူတာကြီးပဲဖြစ်ဖြစ် ဖုန်းပဲဖြစ်ဖြစ် ၊ ယုတ်စွအဆုံး TV remote controll မှာပဲဖြစ်ဖြစ် ပုံမှန်အလုပ်တွေကိုလုပ်ဆောင်နိုင်ဖို့အတွက် Language တွေအမျိုးမျိုးသုံးပြီးကြိုရေးထားရတယ်။
ကွန်ပျူတာတစ်လုံးကိုဖောက်ဝင်ဖို့ကြိုးစားတယ် ၊ဖုန်းတစ်လုံးကိုဖောက်ဝင်ဖို့ကြိုးစားတယ်။ သူ့မှာ Security System အတွက် code တွေနဲ့ Program တွေကြိုရေးထားတယ်။ ဒီ Code တွေကို Break လုပ် ချိုးဖျက်ဝင်ရောက်ပြီး Access ရအောင်ယူတာမျိုးကို Hacking လို့ခေါ်တာ။
သည်လိုလုံခြုံရေးဆိုင်ရာ Program တွေကိုချိုးဖောက်ဖို့အတွက်ဆို ခင်ဗျားမှာလည်း ဒီပရိုဂရမ်တွေအလုပ်လုပ်ပုံကို
သေချာနားလည်တဲ့ ပညာရှိနေမှဖြစ်မှာပေါ့။

" တကယ့် Hacking ဆိုတာ -
ရုပ်ရှင်တွေထဲကလို Enter လေးတချက်နှိပ်လိုက်ရုံနဲ့ အလုပ်ဖြစ်သွားတာမဟုတ်ဘူး ။
Code အချင်းချင်းစစ်ခင်းပြီး
သူနိုင်ကိုယ်နိုင် အပြိုင်ကျဲရတာမျိုး "

ဒါဟာ ... Hacking မှာ Language ကိုသင်ကြားရတဲ့အချက်ပါပဲ..။
Language တွေလေ့လာရာမှာ အရိုးရှင်းဆုံးမြင်သာအောင်လေ့လာရမည့် အပိုင်းတွေကို (၃) ပိုင်းခွဲလိုက်ပါမယ်။

ပထမဆုံးအပိုင်းက -
(1) Web Hacking
သည်နေ့ခေတ်ကြီးမှာ အတော်များများက Web ပေါ်တည်ဆောက်ထားကြတယ်။
Banking, Online Shopping, Social Media တွေကအစ ကျနော်တို့ဘ၀မှာ Web နဲ့လွတ်ကင်းတဲ့အရာတွေ
တဖြည်းဖြည်းနည်းသထက်နည်းလာတယ်ဆိုရမယ် ...။
သည်တော့ Hacker တစ်ယောက်ဖြစ်ဖို့အတွက်ခင်ဗျားဟာ Web ပိုင်းဆိုင်ရာ Language တွေကို မဖြစ်မနေ လေ့လာထားဖို့လိုပါလိမ့်မယ်။
ပေါ်ပြူလာအဖြစ်ဆုံးနဲ့ လေ့လာရမယ့် Language သုံးမျိုးပဲရှိပါတယ်။

HTML, Java Script နဲ့ PHP ပါ။ HTML
======================
Hyper Text Markup Language ဆိုတဲ့အရှည်ကောက်တော့သိကြပါလိမ့်မယ်။
သည်လမ်းကြောင်းပေါ်စတက်ပြီဆိုတာနဲ့ မဖြစ်မနေလေ့လာသင့်တယ်။
Self Study လုပ်လို့ရလောက်အောင်လည်း လွယ်ကူရိုးရှင်းပါတယ်။ HTML ကိုနားလည်ထားခြင်းအားဖြင့်
Website တွေ ဘယ်လိုအလုပ်လုပ်တယ် ၊
Page တွေကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားတယ် စသည်ဖြင့်မြင်လာပါလိမ့်မယ်။ Response တွေ Logic တွေကအစပေါ့ ။

Java Script
=======
Java Script က Client-side web scripting လို့ဆိုကြတယ်ဗျ ...။
သူက အသုံးပြုသူရဲ့ Web browser ထဲမှာအလုပ်လုပ်တာ ...။
Server-side မဟုတ်ဘူး ၊ သူပါတဲ့အတွက် Server နဲ့ User အကြားမှာ
interface, response တွေအဆင်ပြေစေတယ်။ ဆိုရရင် client-side ဖြစ်တဲ့အတွက် user ဖက်ကအားနည်းချက်တွေ ယိုပေါက်တွေကို Java script အသုံးပြုပြီးတိုက်ခိုက်လို့ရနိုင်တယ်။ ဒါကြောင့် Java ဟာလည်း မဖြစ်မနေပေါ့။

PHP
======
သူကတော့ Server-side Language ပါ ...။
User ရဲ့ Browser ထဲမှာအလုပ်မလုပ်ပဲ ဆာဗာနဲ့ချိတ်ဆက်အလုပ်လုပ်တယ်။
Database ပိုင်းဆိုင်ရာ Web app ပိုင်းဆိုင်ရာတွေကို manage လုပ်ပါတယ်။
PHP ကို ပြောရရင် Captain လို့တောင်တင်စားနိုင်တယ်။
သဘောင်္တစ်စီးလုံးအဆင်ပြေပြေသွားနိုင်ဖို့ဟာ
Captain အပေါ်မှာမူတည်သလို
Website တစ်ခုလုံးကို အစီအစဉ်တကျဖြစ်အောင်
PHP နဲ့ထိန်းချုပ်မောင်းနှင်တယ်။
ဒါကြောင့် PHP ဟာလည်း Hacker ဖြစ်ချင်သူတွေအတွက် .....။

SQL:
===
ဒါကတော့ ချန်ထားခဲ့လို့မရတဲ့အပိုင်းမလို့ ...။
Usernameတို့ passwordတို့လိုအရေးကြီးတဲ့ဒေတာမှန်သမျှဟာ
SQL Database လို့ခေါ်တဲ့နေရာမှာ သိမ်းလေ့ရှိပါတယ်။
တချို့ဆိုက်တွေမှာဆိုရင် Online Shopping အတွက် Credit Card တွေ
အရမ်းအရေးကြီးတဲ့လုပ်ငန်းပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုတောင်
SQL database ထဲထည့်သိမ်းလေ့ရှိတယ်။
Black hat hackers တွေထဲကအများစုဟာ
ကျန်တဲ့နေရာထက် SQL database ကိုအဓိကပစ်မှတ်ထားပြီး
အရင်ဆုံးတိုက်ခိုက်လေ့ရှိကြတယ်..။
သည်ထဲမှာသိုလှောင်ထားတဲ့
အရေးကြီးဒေတာတွေရပြီဆိုမှတော့ ပြီးပြီပေါ့။ ဒါ့ကြောင့် ... SQL ဟာလည်း မဖြစ်မနေလေ့လာသင့်တဲ့စာရင်းထဲသွင်းရကြောင်း။

(2) Exploit Writing
============
Web အပိုင်းပြီးတော့ Hacking ရဲ့
အခြားအရေးကြီးအစိတ်ပိုင်းဖြစ်တဲ့ Exploit.
အပေါ်မှာပြောခဲ့ဖူးသလိုပဲ ... ကွန်ပျူတာတစ်လုံး ဆာဗာတစ်လုံးကို
ဖောက်ဝင်ဖို့ဆိုတာ ရော့အင့် ဆိုပြီး
ခလုတ်လေးတချက် နှိပ်လိုက်ရုံနဲ့ပြီးသွားတာမဟုတ်ဘူး။
Hacker တွေရန်ကကာကွယ်ဖို့အတွက်
အစကတည်းက လုံခြုံရေးပရိုဂရမ်တွေ app တွေထည့်ပေးလိုက်ပြီးသား။
ဟက်ကာအနေနဲ့ Access ရဖို့အတွက်
အဲသည်လုံခြုံရေးဆိုင်ရာအတားအဆီးတွေချိုးဖျက်ပစ်လိုက်တာကို Exploit လုပ်တယ် ... လို့ဆိုကြတာ ။
သည်လို Exploit တွေလုပ်နိုင်ဖို့အတွက် အရေးကြီးတဲ့
Language နှစ်ခုရှိတယ် ...။
Python & Ruby.
PythonHacker ပဲဖြစ်ဖြစ် Security Researcher ပဲဖြစ်ဖြစ်
လိုက်မေးကျိရင် Python ဟာအရေးကြီးတဲ့ Language ဖြစ်ကြောင်းဖြေကြလိမ့်မယ်။ ပြောရရင် Exploit လုပ်ဖို့အတွက် Tools အတော်များများကို
Python အသုံးပြုပြီးရေးရတာမလို့ပါပဲ...။
ဟိုး ထိပ်ဆုံးဟက်ကာကြီးတွေ security researcher ကြီးတွေကအစ
တညီတညွှတ်တည်း Python ကိုလေ့လာဖို့အကြံပြုကြတယ်။ တကယ် Python မှာကျွမ်းကျင်သွားပြီဆို Exploit ပိုင်းအတွက် လှည့်ကြည့်စရာမလိုတော့ဘူးဆိုပါတော့ ...။
လွယ်လည်းလွယ်ပါတယ်...ကိုယ်တိုင်လေ့လာကျိကြပါ။

Ruby
====
ရှင်းလည်းရှင်းတယ် ရှုပ်လည်းရှုပ်တယ်ဆိုရမယ်။
Object-oriented language အမျိုးအစားပါ ...။
သူ့ကိုလည်း exploit တွေရေးတဲ့နေရာမှာသုံးတာပါပဲ..။
ပိုအားသာတဲ့အချက်က -
Hacker တွေရဲ့အသည်းကျော်ဖြစ်တဲ့ Metasploit ဟာ
Ruby နဲ့ရေးထားတာဖြစ်ပြီး ၊
meterpreter လို့ခေါ်တဲ့ Metasploit ရဲ့
extension တွေအပြင် exploit တွေကိုလည်း Ruby နဲ့ရေးလို့ရနေတာပါပဲ..။
Ruby ဟာ Python လောက်တော့ နယ်ပယ်ကျယ်ကျယ်ပြန့်ပြန့်မှာ
သုံးဖို့အဆင်မပြေပါဘူး ၊ သို့သော် ခင်ဗျားအနေနဲ့ Exploit တွေရေးဖို့အတွက် Ruby ကို ဆရာတစ်ဆူမဟုတ်တောင်
နားလည်တတ်ကျွမ်းတဲ့အဆင့်ထိလေ့လာထားနိုင်တာပိုကောင်းပါလိမ့်မယ်။
3. Reverse Engineering
အကျဉ်းချုံးပြောရရင် - Reverse Engineering ဆိုတာ software တစ်ခု program တစ်ခုကနေထွက်လာတဲ့
Binary code တွေကနေ Original source code အထိ Trace ပြန်လိုက်တဲ့ပညာရပ်ဆိုပါတော့။
Reverse Engineering ကိုနားလည်ခြင်းအားဖြင့် Application တွေ ဆော့ဖ်ဝဲတွေရဲ့ အလုပ်လုပ်ပုံတွေ အားနည်းချက် Flaw တွေကိုမြင်လာမယ်။
သည်လိုမြင်လာတဲ့အတွက် Software Cracking, Hacking လုပ်နိုင်မယ် စသည်ဖြင့်ပေါ့...။
RE အတွက် အဓိကလေ့လာဖို့လိုအပ်တဲ့ Language တွေကတော့
C, C++ နဲ့ Java ပါ ...။
ဒီအရာတွေလည်းတတ်ထားဦးမှ
Software ဆိုင်ရာ Applicaton ပိုင်းဆိုင်ရာ Cracking, Hacking Process တွေကိုလုပ်နိုင်ပါလိမ့်မယ်။


Post a Comment

0 Comments