လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို
သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command
ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။
/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့
၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက
မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀
ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။
ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။
(cd,ls,rm,etc... (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့
မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ
ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။
၁၊ top
"top"
ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက
RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန်
ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ
ပြနေမှာပဲ ဖြစ်ပါတယ်။
"top" က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top)
ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ
အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း
စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top
-u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း
ကြည့်နိုင်ပါတယ်။
GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows
မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus
ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။
၂၊ ln
bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder
တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ်
ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း
ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group
ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့)
GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင်
Desktop shortcut လုပ်သလိုမျိုးပါ။
၃၊ tar/zip/gzip/unrar/unzip
ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument
တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက်
အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click >
Extract here ပေါ့။
၎၊ nano,vi,emacs
command line text editor
ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။
ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့
ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function
နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့
အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration
လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ်
အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။
၅၊ grep
ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို
လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ်
ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ
ဘယ်နေရမှာ "AccessFileName .htaccess" ဆိုတာရှိသလည်းသိချင်တယ်။
စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃
ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊
လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n "AccessFileName
.htaccess" /etc/apache2/apache2.conf ဒါဆို terminal မှာ
"153:AccessFileName .htaccess" ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။
GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။
"grep" က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး
တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ "ps"(လက်ရှိဘာတွေ run
နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က
အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို
ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ "ps aux" ရိုက်လိုက်ရင် Run
ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား
ကြာပါတယ်။ "ps aux|grep firefox" လို့ပြောင်းရိုက်လိုက်ပါ။ firefox's
process တစ်ခုတည်း မြင်ရပါလိမ့်မယ်။
GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။
၆၊ chmod
File/folder တွေကို permissions ပြောင်းတာပါ။ Web tool
တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင်
w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions
တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and
Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။
Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ်
execute only. GUI (nautilus) မှာ တော့ right click > properties >
Permissions
၇၊ dmesg
old-school လို့ ကျွန်တော့်ကို
ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို
အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။
အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system
architecture, gpu, network device, kernel boot options used, RAM totals
စသည်ဖြင့်ပါ။
နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး
ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း
ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး
ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ
လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။
၈၊ kill/killall
အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့
မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက်
သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး
ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ "kill" ဒါမှမဟုတ်
"killall" နဲ့ လုပ်ပစ်တာပါပဲ။ "kill" နဲ့ "killall" ကွာတာကတော့ kill က
PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။
တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox
ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင်
PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။
PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး
တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process
(Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System
monitor ကနေ kill process လုပ်လို့ရပါတယ်။
၉၊ man
RTFM "Read
the Fine Manual" အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။
ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ
ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ "Read the fine Manpages" ပေါ့။ Manpage
တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင်
ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။
command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။
အပေါ်ဆုံး
နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊
detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို
အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။
ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages
တွေကို ဖတ်တတ်အောင် ကြိုးစားပါ။
၁၀၊ mount/umount
removable
media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့
တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount
ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ
arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices
တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။
အထက်ပါ ၁၀ ခုကတော့ Linux
administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ
တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန်
ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့
တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ်
Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည်
သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်
နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။
#crd

0 Comments